ကျွန်ုပ်၏ယုံကြည်ချက်
နိုင်ငံသားတိုင်း လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ပြီး စားဝတ်နေရေးမှအစ လူနေမှုအဆင့်မီအောင်၊ ကိုယ်စိတ် နှစ်ပါး ချမ်းသာအောင် ဆောင်ရွက်ပေးနိုင်မှ သာယာပြည့်စုံသော ဒီမိုကရေစီနိုင်ငံတော်ဖြစ်နိုင်မည်ဟု ယုံကြည်သည်။
ကျွန်ုပ်၏ ခံယူချက်
ပြည်သူ့အကျိုးမျှော် ဦးမျိုးသော် ၏ခံယူချက်မှာ – ပြည်သူ့အာဏာတည်တံ့ခိုင်မာပြီး ပြည်သူ့ အကျိုးစီးပွား အတွက်သာ အဓိကထားဆောင်ရွက်ရမည်ဟု ခံယူသည်။
ပြည်သူ့အကျိုးမျှော်၍ ပေးအပ်မည့် မိမိ၏ကတိသစ္စာစကားများ
- ပြည်သူလူထု အကျိုးကိုသာ ထာဝရဦးထိပ်ထားပါမည်။ (မည် သည့်ပါတီ/အဖွဲ့အစည်း/ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်နှင့် မိမိ၏ကိုယ်ကျိုးစီးပွားတို့ကို လုံးဝထည့်သွင်းမစဉ်းစားပါ။)
- ပြည်သူလူထုအကျိုးစီးပွား တိုးတက်ရေးမှန်သမျှအတွက် ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသမျှ စေတနာသန့်စင်စွာဖြင့် အပြည့်အဝ ဖော်ဆောင်ထမ်းရွက်ပါမည်။
- ပြည်သူလူထုက ယုံကြည်စွာပေးအပ်လာမည့်တာဝန်များကို အပြည့်အဝအောင်မြင်အောင် ဦးလည်မသုန် ကြိုးပမ်း ဆောင်ရွက်ပါမည်ဟု မှန်သောစကားကိုဆို၍ ကတိသစ္စာပြုပါသည်။
- ပြည်သူလူထုအတွက် အသုံးပြုရမည့် ပြည်သူ့ဘဏ္ဍာငွေများကိုလည်း အကျိုးမဲ့အလဟဿ ပြုန်းတီးမှု၊ လေလွင့်မှု၊ ကိုယ်ကျိုးအလွဲသုံးမှုများ မဖြစ်စေရန် ပြတ်ပြတ်သားသားဦးဆောင်မှု ပေးပြီး စနစ်တကျ အကျိုးရှိရှိသုံးစွဲနိုင်ရန် တာဝန်ယူ သွားပါမည်။
- ပြည်သူလူထုအပေါ်တွင် ပြည်သူ့သစ္စာစောင့်သိစွာဖြင့် ပြည်သူနှင့်အတူ ထာဝရ မားမား မတ်မတ် သစ္စာရှိစွာရပ်တည် သွားပါမည်။
ပြည်သူလူထုအကျိုးအတွက် ဦးစားပေးဖော်ဆောင်ရမည့်လိုအပ်ချက်များ
- လူမှုစီးပွားဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်အဖြစ် တည်ဆောက်နိုင်ရမည်
- နိုင်ငံသားတိုင်း နိုင်ငံသားအခွင့်အရေး အပြည့်အဝရရှိရန်နှင့် တိုင်းရင်းသားအားလုံး တိုင်းရင်းသားအခွင့်အရေး တန်းတူရရှိရန်။
- လူ့စွမ်းအားအရင်းအမြစ်နှင့် အရည်အသွေး ပိုမိုတိုးတက်ဖွံ့ဖြိုးရန်။
- နိုင်ငံတော်၏ ပညာရေး ကျန်းမာရေး၊ စီးပွားရေးနှင့် လူနေမှုအခြေခံအဆောက်အဦးများ ခိုင်မာအောင်တည်ဆောက်ရေး။
- ပညာရေး ကဏ္ဍတွင် နိုင်ငံတကာအဆင့်မီ ပညာရေးစနစ်ဖြစ်ပေါ်လာအောင် အဘက်ဘက်မှ မြှင့်တင်ပေးရန်။
- ကျန်းမာရေးကဏ္ဍတွင် နိုင်ငံတကာအဆင့်မီ ပညာရေးစနစ် ဖြစ်ပေါ်လာအောင် အဘက်ဘက်မှ မြှင့်တင်ပေးရန်။
- လူမှုရေးကဏ္ဍတွင် လူထုအခြေပြု အဖွဲ့အစည်းများ၏ အခန်းကဏ္ဍပိုမိုမြင့်မားလာအောင် ကူညီထောက်ပံ့ပေးရန်
- ပြည်သူလူထု၏ စားသုံးသူအခွင့်အရေးကို ဥပဒေနှင့်အညီ ထိရောက်သော ကာကွယ်စောင့်ရှောက်မှုများပေးရန်
- သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ကဏ္ဍတွင် ဒေသခံလူ့အဖွဲ့အစည်းများကို ထိခိုက်နစ်နာမှု အန္တရာယ်လုံးဝ (လုံးဝ) မရှိအောင်အလေးထား ကာကွယ်ဆောင်ရွက်ရန်။