ဖခင် ဦးမြင့်သန်း (ကွယ်လွန်) စာရေးဆရာ ကဗျာဆရာ မြေချစ်သူ၊ မိခင်ဒေါ်အေးအေးသောင်း(အလပြ-ငြိမ်း) တို့၏ တစ်ဦးတည်းသောသားဖြစ်ပြီး (၁၄-၁၀-၁၉၈၂)ခုနှစ်တွင် ရန်ကုန်မြို့၌ မွေးဖွားခဲ့ပါ သည်။ အဖိုးဖြစ်သူမှာ လွတ်လပ်ရေးမော်ကွန်းဝင် / မြန်မာနိုင်ငံ၏ အသက်အကြီးဆုံး ဂန္ထဝင်ပန်းချီဆရာကြီး ဦးစန်းလှိုင်(ကွယ်လွန်) အသက် (၉၃)နှစ်ဖြစ်ပါသည်။
ပထမနဂါးငွေ့တန်းကုမ္ပဏီများအုပ်စု၏ ဥက္ကဋ္ဌလည်းဖြစ်ပြီး Saviours Foundation (ကယ်တင်သူများ ပရဟိတအသင်း)၏ တည်ထောင်သူ လည်းဖြစ်သည်။
မြန်မာနိုင်ငံကင်းထောက်အဖွဲ့ချုပ်၏ ဘဏ္ဍာရေးမှူးနှင့် အာရှပစိဖိတ်ဒေသဆိုင်ရာ ကင်းထောက်ဖောင်ဒေးရှင်း (မြန်မာနိုင်ငံ) ၏NSO Coordinator အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါသည်။ (၄၁) ကြိမ်မြောက် ကမ္ဘာ့ကင်းထောက်ညီလာခံ (အဇာဘိုင်ဂျန်) သို့ မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့ ကိုယ်စားလှယ်အဖြစ် တက်ရောက်ခဲ့သည်။ အာရှပစိဖိတ်ဒေသဆိုင်ရာ ကင်းထောက်ဖောင်ဒေးရှင်း(ဟောင်ကောင်) သို့ မြန်မာနိုင်ငံ၏NSO Coordinator အဖြစ် တက်ရောက်ပြီးဂုဏ်ထူးဆောင်ဆုတံဆိပ်နှင့် ဂုဏ်ပြုလက်မှတ် လက်ခံရယူခဲ့ပါသည်။ ရန်ကုန်မြို့တော်ဝန်ဆု ပထမအကြိမ် ပြည်သူ့နီတိရေးဖြေပြိုင်ပွဲ ကျင်းပရေးကော်မတီအတွင်းရေးမှူးအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့သည်။ ပညာဒါနသင်တန်းကျောင်းများတွင် စီးပွားရေး နှင့် စီမံခန့်ခွဲမှုပညာရပ်များကို ပညာဒါနအဖြစ် သင်ကြားပေးလျက်ရှိပါသည်။ ခေါင်းဆောင်မှု၊ စီးပွားရေးနှင့် စီမံခန့်ခွဲမှုဆိုင်ရာ စာပေများကို ရေးသား ထုတ်ဝေလျက်ရှိပါသည်။
- Ph.D. Candidate in Philosophy (Aldersgate College)
- Master of Business Administration (University of Nothampton)
- Master of Public Administration (Aldersgate College)
- Bachelor of Arts in English (Y.E.U)
- Post Graduate Diploma in Strategic Management (Edexcel)
- Diploma in Professional Computing (Maths Dept; YU)
ပရဟိတနှင့် လူမှုအကျိုးပြုလုပ်ငန်းများ ကြိုးပမ်းဆောင်ရွက်ခဲ့မှုများအတွက် အမေရိကန်နိုင်ငံ၊ LADC Institute မှ ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ နှင့် ဂုဏ်ထူးဆောင်ပါမောက္ခ ဘွဲ့တို့ကိုလည်း
ဂုဏ်ပြုချီးမြှင့်ခံခဲ့ရပါသည်။
- Honorary Doctor of Social Work (LADC Institute)
- Honorary Professor of Community Development (LADC Institute)